ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

 

နေပြည်တော် ၂၀၂၂ ဇွန် ၁၅

ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်ဝင်းက မဟော်ဂနီပင်ကို စိုက်ပျိုးပြီး သက်ဆိုင်ရာ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေပညာရေးမှူး၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများက သတ်မှတ်ထားသည့် အပင်များကို အတူတကွ စုပေါင်းစိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်ပင်စိုက်ပျိုးနေကြသည့် ဆရာ ဆရာမ၊ ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယနေ့ ကျင်းပသော ၂၀၂၂ ခုနှစ် ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်တွင် ကံ့ကော်ပင်၊ မဟော်ဂနီပင်၊ ရတနာတန်းဝင်ကျွန်းရွှေဝါ၊ ယင်းမာပင်၊ ပိတောက်ပင်၊ ငုရွှေဝါ၊ ငုစပ်  စသည့် ရတနာတန်းဝင်သစ်ပင်များနှင့် အရိပ်ရသစ်ပင် စုစုပေါင်း ၃၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။