ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး The Education Commission ၏ Education work Force Initiative (EWI) lead ဖြစ်သူ Amy Bellinger နှင့်တွေ့ဆုံ

  နေပြည်တော် ၂၀၂၁ ဇန်နဝါရီ ၁၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အမေရိကန်နိုင်ငံ New York အခြေစိုက် The Education Commission ၏ Education Work Force Initiative (EWI) lead ဖြစ်သူ Amy Bellinger အား ယနေ့ ညနေ ၅း၀၀ နာရီတွင် Virtual Meeting ဖြင့် လက်ခံတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ နည်းပညာ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေဝင်းဦး၊ အမေရိကန်နိုင်ငံ New York အခြေစိုက် The Education Commission ၏ Education work Force Initiative (EWI) lead ဖြစ်သူ Amy Bellinger နှင့် သက်ဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ကြပြီး ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း ဆောင်ရွက်နိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။