ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်(၁၆)နှင့် ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်

နေပြည်တော် ၂၀၂၀ ဇန်နဝါရီ ၁၃

ရန်ကုန်တက္ကသိုလ် အပါအဝင် တက္ကသိုလ်(၁၆)နှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ် ၁ နာရီတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့်အဆင့်မြင့်ပညာဉီးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသိန်းဝင်း တို့က အမှာစကားပြောကြားသည်။ ယင်းနောက် သက်ဆိုင်ရာတက္ကသိုလ်များက တက္ကသိုလ်ပဋိဉာဉ်စာတမ်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှုအခြေအနေများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေး၍ အရည်အသွေးရှိသော အဆင့်မြင့်ပညာရေး ကဏ္ဍအတွက် လိုအပ်သည်များကို ဖြည့်စွက် ဆောင်ရွက် နိုင်ရန် လမ်းညွှန်မှာကြားသည်။ ယနေ့ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ၊ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ မြန်မာ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ မဟာဌာနမှူး များနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။