ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဂျာမနီနိုင်ငံ ပညာသင်ကျောင်းသားဟောင်းများ၏ နှစ်ပတ်လည်အစည်းအဝေးသို့ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်

နေပြည်တော် နိုင်ဝင်ဘာ ၁၄

ဂျာမနီနိုင်ငံ ပညာသင်ကျောင်းသားဟောင်းများ၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ နေ့လယ် ၁း၃၀ နာရီတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ အဆိုပါ အစည်းအဝေးအား နိုဝင်ဘာ(၁၄) ရက်မှ (၁၅) ရက်နေ့အထိ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။