ပညာရေးနှင့်ဆက်နွယ်ကိစ္စရပ်များရှင်းလင်းပွဲကျင်းပ

ရန်ကုန် ၂၀၁၆ မေ ၁
 
ပညာရေးနှင့်ဆက်နွယ်ကိစ္စရပ်များရှင်းလင်းပွဲကိုယနေ့နံနက်၉နာရီက ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်သုံးခွမြို့နယ်ရှိ်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပုလဲရတနာခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားသည်။
 
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက၂၀၁၆-၂၀၁၇ပညာသင်နှစ်မှစ၍ KG ခေါ် သူငယ်တန်းပညာရေးစနစ်စစ်စစ်ကို စတင်သင်ကြား မည်ဖြစ်ကြောင်း၊ ဉာဏ်ရည်နှင့်အားကစားနည်း များဖြင့် သင်ကြား သဖြင့် ကျောင်းဝတ်စုံတစ်စုံစီကိုသာ အခမဲ့ပေးဝေမည်ဖြစ်ကြောင်း၊ မူလတန်းများကို ဖတ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ် ၆အုပ်နှင့် ကျောင်း ၀တ်စုံများကို အခမဲ့ဖြန့်ဝေပြီး အလယ်တန်းနှင့် အထက်တန်းများကိုဖတ် စာအုပ် အခမဲ့ပေးမည်ဖြစ်ကြောင်း၊ အခမဲ့ မသင်မနေရ မူလတန်းပညာ သင်ယူသူအားလုံးအတွက် ထည့်သွင်းစဉ်းစား၍ ပေးရမည့်ပစ္စည်းကို လုံလောက်စွာ အခမဲ့ဖြန့်ဝေနိုင်ရေးအစီအစဉ် မရှိမှု၊ ပြန်လည်ကုစား စာမေးပွဲ ကျင်းပမည်မဟုတ်ကြောင်း၂၀၁၅-၂၀၁၆ပညာသင်နှစ်အစ မှစ၍ ကျောင်းသား၊ မိဘ၊ ဆရာများကို ကြိုတင်အသိပေးထားခြင်း မရှိဘဲ ဆောင်ရွက်မှုများ စသည့်အခြေအနေများကို စိစစ်တွေ့ရှိရပါ သဖြင့် ပြန်လည်ကုစားစာမေးပွဲများ ပြန်လည်ကျင်းပမည်ဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ပညာသင်နှစ်တွင် ရရှိသင့်သူများအတွက် လုံလောက်နိုင် ဆုံးဖြစ်အောင် အခမဲ့ဖြန့်ဝေနိုင်ရေးကို စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်း သားတိုင်းရရှိသည့်အခွင့်အလမ်းများကိုလည်း ပွင့်လင်းမြင်သာစွာဗီနိုင်းဖြင့် ဖော်ပြပေးမည်ဖြစ်ကြောင်း။
ကျောင်းအပ်ရာသီတွင် ကျောင်းသား/ ကျောင်းသူအားလုံးကိုလာဘ်ပေးလာဘ်ယူမှုမရှိဘဲ တပြေးညီလက်ခံဆောင်ရွက်ပေးရေး၊ကျောင်းနေ အရွယ် ကလေးတိုင်းမူလတန်းပညာသင်ယူပြီးမြောက်ရေး၊ ကျောင်းရှိစာသင်ခန်းအတွင်း၌ကျောင်းသားကျောင်းသူများ၏ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားအောင်ဆရာ၊ ဆရာမများကစေတနာ၊ ဝါသနာတို့ဖြင့် ဆက်လက်သင်ကြားပေးကြမည် ဟုယုံကြည်ကြောင်း၊ ဘာသာရပ်ကျွမ်းကျင်သောဆရာ/ဆရာမများကို ပြုစုပျိုးထောင်သွားရမည် ဖြစ်ကြောင်းနှင့် အရည်အသွေးရှိသောပညာရေးစနစ်ကို ဦးတည်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အသက် ၁၀နှစ်ပြည့် ကျောင်းသား/ကျောင်းသူများကိုလည်း နိုင်ငံသားကတ် ရရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မိဘပြည်သူများ၊ လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
 
ယင်းနောက် မြို့နယ်ပညာရေးမှူးဦးတိုးဝင်းက သုံးခွမြို့နယ်၏ပညာရေး အခြေ အနေများကို တင်ပြပြီးတက်ရောက်လာကြသူများကလည်း အခက်အခဲများကိုတင်ပြခဲ့ကြသည်။
 
အဆိုပါတွေ့ဆုံပွဲသို့အခြေခံပညာရေးဌာနညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန် တိုင်းဒေသကြီးပညာ ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး များ၊ သုံးခွမြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီး များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်််ရေးအထောက် အကူပြုအဖွဲ့ ၀င်များ၊ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊မိဘဆရာအသင်းဝင်များတက်ရောက်ကြသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သုံးခွမြို့နယ်ရှိ လောကမာရ်ဇိန် ဘုရားကျောင်းရှိ ဘုန်းတော်ကြီးပညာသင်ကျောင်းနှင့် သိုက်တူးကန် စံပြကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်းခွဲသို့ သွားရောက်ပြီး လိုအပ်ချက်များကိုမေးမြန်းညှိနှိုင်းပေးခဲ့သည့်အပြင် ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စင်ကာပူမြန်မာသက်မွေးပညာ သင်တန်းကျောင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။