ဒုတိယပါမောက္ခချုပ် ရာထူးတိုးလျှောက်လွှာခေါ်ယူခြင်း

၁။         အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် သင်ကြားသင်ယူမှု အရည်အသွေး မြင့်မားရေး၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်၍ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများ ရေးသားထုတ်ဝေရေး၊ အင်္ဂလိပ်စာနှင့် ICT အရည်အသွေးမြင့်မားရေး၊ စာကြည့်တိုက် ပိုမိုဖြည့်ဆည်း အသုံးပြုနိုင်ရေးနှင့် တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာသော စီမံခန့်ခွဲရေးတို့ကို တာဝန်ပေးအပ်ရန် ဒုတိယပါမောက္ခချုပ် (လစာနှုန်း ကျပ် ၃၈၀၀၀၀-၄၀၀၀-၄၀၀၀၀၀) များလစ်လပ်လျက်ရှိပါသည်။

၂။         အဆိုပါရာထူးအတွက် အောက်ဖော်ပြပါ အရည်အချင်းနှင့် ကိုက်ညီသူများသည် ခိုင်လုံသော အထောက်အထားများနှင့်အတူ မိမိတို့ တာဝန်ထမ်းဆောင်လျက်ရှိသော တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် လျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည် -

            (က) ပါရဂူဘွဲ့ရရှိသူ ပါမောက္ခဖြစ်ရမည်။

            (ခ) ပါမောက္ခလုပ်သက် အနည်းဆုံး (၂)နှစ် ရှိရမည်။

            (ဂ) ပြည်တွင်း/ပြည်ပ သုတေသနဂျာနယ်များတွင် ကိုယ်တိုင်ရေးသားခဲ့မှုများရှိရမည်။

            (ဃ) တက္ကသိုလ်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ပူးပေါင်း ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

၃။         ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများက ရာထူးတိုး လျှောက်ထားသူ တစ်ဦးချင်းစီ၏ ကိုယ်ရေးမှတ်တမ်း (၃၆)ချက် (၂)စုံ၊ ပူးတွဲပါ လျှောက်လွှာပုံစံတွင် သဘောထားမှတ်ချက်များနှင့်အတူ အဆင့်မြင့်ပညာဦးစီးဌာန (နေပြည်တော်)သို့ ၃၀-၆-၂၀၁၇ ရက်နေ့ နောက်ဆုံးထား ပေးပို့သွားရန် ဖြစ်ပါသည်။