တောင်ငူတက္ကသိုလ်တွင် TrainIQA ဆွေးနွေးပွဲအတွေ့အကြုံရှင်းလင်းပွဲကျင်းပ

တောင်ငူ ၂၀၁၇ ဇွန် ၁၃

တောင်ငူတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ကထိက ဆရာမ ဒေါက်တာသီရိအောင်သည် မလေးရှားနိုင်ငံတွင် တက်ရောက်ခဲ့သော TrainIQA ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် အတွေ့အကြုံရှင်းပွဲကို၂၀၁၇ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် စီမံရေးရာဌာနများမှ အရာထမ်း၊ အမှုထမ်းများစုစုပေါင်း (၄၀)ကျော်တက်ရောက် နားထောင် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။