တောင်ငူတက္ကသိုလ်တွင် Internal Quality Asssurance (IQA) Capacity Building သင်တန်း/ဆွေးနွေးပွဲကျင်းပ

တောင်ငူ ၂၀၁၇ ဇွန် ၁၃

တောင်ငူတက္ကသိုလ်၏ Internal Quality Asssurance (IQA) Capacity Building သင်တန်း/ဆွေးနွေးပွဲကို ၂၀၁၇ခုနှစ်၊ မေလ ၂၄ရက်နှင့် ၂၅ရက် နေ့မွန်းလွဲပိုင်းများတွင် ပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ ဒေါက်တာသီရိအောင်(ကထိက၊ အင်္ဂလိပ်စာ)နှင့် ဒေါက်တာချိုချိုလတ် (ကထိက၊ သတ္တဗေဒ)တို့က IQA  ဆိုင်ရာများကို ဆင့်ပွားဆွေးနွေးပြောကြားခဲ့ကြသည်။ သင်တန်းတွင် ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခများ၊ ဌာနမှူးများ တက်ရောက်အားပေး ဆွေးနွေးခဲ့ကြပြီး သင်တန်းသို့ ဆရာ၊ ဆရာမများနှင့်အရာထမ်း၊ အမှုထမ်း (၆၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။