တောင်ငူတက္ကသိုလ်တွင် သုတေသနစာတမ်းဖတ်ပွဲကျင်းပ

တောင်ငူ ၂၀၁၇ ဇွန် ၁၃

တောင်ငူတက္ကသိုလ် ၂၀၁၇ ခုနှစ် တက္ကသိုလ်အဆင့် အကောင်းဆုံးသုတေသနများနှင့် ဘာသာရပ်အလိုက် သုတေသနများ စာတမ်းဖတ်ပွဲကို ၂၀၁၇ခုနှစ် ဇွန်လ ၆ရက်နေ့နှင့် ၈ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ရာ ဘာသာရပ်ဌာနများမှ စာတမ်းရှင်ဆရာ၊ ဆရာမ (၁၇)ဦး တို့က ဖတ်ကြားတင်သွင်းခဲ့ကြ ပါသည်။ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ IQA အဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။