ဆရာဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို သင်ကြားပေးရာတွင် နိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ်ရှိအောင် သင်ကြားပေးစေလို

လားရှိုး ၂၀၂၂ ဧပြီ ၉

      ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာညွန့်ဖေသည် ယမန်နေ့ ညနေပိုင်းက လားရှိုးတက္ကသိုလ်သို့ရောက်ရှိကာ လားရှိုးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့်  ပါမောက္ခဆရာ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေက ဆရာဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို သင်ကြားပေးရာတွင် စာတတ်အောင်၊ ပညာတတ်အောင် သင်ကြားပေးရုံသာမကဘဲ စည်းကမ်းရှိအောင် နိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ်ရှိအောင်၊ ယဉ်ကျေးလိမ္မာအောင်၊ မြန်မာ့ယဉ်ကျေးမှုကိုမြတ်နိုးတန်ဖိုး ထားတတ်အောင်၊ မိဘဆရာများအပေါ် ရိုသေလေးစားတန်ဖိုးထားတတ်အောင် သင်ကြားပေး စေလိုပါကြောင်း၊ ပညာရေးလုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ ပညာရေးမိသားစု အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်အောင်လက်တွဲ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဌာနအလိုက် သုတေသနလုပ်ငန်းများ ဆောင်ရွက်စေလို ကြောင်း၊ သုတေသနအတွက် လိုအပ်သည့် စက်ပစ္စည်းများ၊ လိုအပ်သည်များကို ဖြည့်ဆည်းပေး မည်ဖြစ်ကြောင်း၊ ဌာနအလိုက် သုတေသနနှင့် သင်ကြားရေးအတွက် လိုအပ်မည့်စာအုပ် စာတမ်းများ ဝယ်ယူနိုင်ရန်အတွက် အသုံးစရိတ်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက လိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ဖြေကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။