ကျောင်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် လုပ်ငန်းများအတွက် စာမူများဖိတ်ခေါ်ခြင်း

     ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနသည် ပညာရေးလှုပ်ရှားမှုများ၊ ပညာရေး ပညာပေးဇာတ်လမ်းတိုများကို ပြည်သူလူထုမှ သိရှိနိုင်စေရန်အတွက် အခါအားလျော်စွာ ရိုက်ကူးလျက်ရှိပါသည်။ အဆိုပါ ပညာရေးအစီအစဉ်များရိုက်ကူးနိုင်ရန်အတွက် ကျောင်းများ၏ လအလိုက် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် လုပ်ငန်းများကို ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများက စာမူများရေးသား၍ အောက်ပါ လိပ်စာသို့ ပေးပို့နိုင်ပါသည်-

     ဦးကျော်ညွန့်

     လက်ထောက်ညွှန်ကြားရေးမှူး

     ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန

     ရုံးအမှတ် (၅၂)၊ နေပြည်တော်

     ဖုန်း - ၀၆၇-၄၃၀၅၀၅

    ပေးပို့လာသော စာမူများအား ဘုတ်အဖွဲ့ဖြင့် စိစစ်ရွေးချယ်၍ ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။ သင့်လျော်သည်စာမူများကို ပညာပေးဇာတ်လမ်းတိုများ ရိုက်ကူးထုတ်လွှင့်ရာတွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနမှ လစဉ်ထုတ်ဝေလျက်ရှိသော ပညာရေးသတင်းလွှာတွင်လည်းကောင်း ထည့်သွင်းအသုံးပြု သွားမည် ဖြစ်ပါသည်။