ကာယဗလ၊ ကာယအလှနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကျင်းပ

ရန်ကုန် ၂၀၁၇ ဖေဖော်၀ါရီ ၆


ရန်ကုန်ပညာရေးတက္ကသိုလ် ၂၀၁၆-၂၀၁၇ ခုနှစ် ကာယဗလ၊ ကာယအလှနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ကျင်းပရာ ရန်ကုန်ပညာရေးတက္ကသိုလ် တာ၀န်ခံ ပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ရှေးဦးစွာ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကာယအလှမယ်ပြိုင်ပွဲ၀င်များက ကာယအလှမယ်ပြိုင်ပွဲနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကိုလည်းကောင်း၊ ကာယဗလမောင်များက ကာယဗလမောင်ပြိုင်ပွဲကိုလည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ်မှ တာ၀န်ရှိသူတစ်ဦးက ကာယဗလ၊ ကာယအလှနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲဖြစ်မြောက်ရေးတွင် ပါ၀င်ကူညီခဲ့ကြသည့် ဒိုင်လူကြီးများ အားလည်းကောင်း၊ ပြိုင်ပွဲ၀င်အလှမယ်များအား မိတ်ကပ်နှင့်အ၀တ်အစားများ ပံ့ပိုးကူညီခဲ့ကြသူများအားလည်းကောင်း ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။ ဆက်လက်၍ ရန်ကုန်ပညာရေးတက္ကသိုလ် တာ၀န်ခံပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်နှင့် တာ၀န်ရှိသူများက ဆုရရှိကြသူများအား ဆုချီးမြှင့်ရာ ကာယဗလမောင်ပြိုင်ပွဲတွင် ပဉ္စမနှစ် ပထမနှစ်၀က်မှမောင်ကျော်လင်းထွန်း(၂)က ပထမဆုကိုလည်းကောင်း၊ ပဉ္စမနှစ် ပထမနှစ်၀က်မှမောင်ကျော်လင်းထွန်း(၁)က ဒုတိယဆုကိုလည်းကောင်း၊ ပထမနှစ် ပထမနှစ်၀က်မှမောင်အောင်မြင့်သူက တတိယဆုကိုလည်းကောင်း၊ ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် စတုတ္ထနှစ်၊ ပထမနှစ်၀က်မှမယမင်းဆုက ပထမဆုကိုလည်းကောင်း၊ စတုတ္ထနှစ်၊ ပထမနှစ်၀က်မှမပန်းဝေဝေသူက ဒုတိယဆုကိုလည်းကောင်း၊ ပဉ္စမနှစ် ပထမနှစ်၀က်မှမရွှန်းထက်ထက်လင်းက တတိယဆုကိုလည်းကောင်း၊ ကာယအလှမယ်ပြိုင် ပွဲတွင် ပဉ္စမနှစ် ပထမနှစ်၀က်မှမအိဖြိုးဝေက ပထမဆုကိုလည်းကောင်း၊ ပဉ္စမနှစ် ဒုတိယနှစ်၀က်မှမငြိမ်းဝေဖြိုးက ဒုတိယဆုကိုလည်းကောင်း၊ ပဉ္စမနှစ် ဒုတိယနှစ်၀က်မှမအိမွန်စိုးက တတိယဆုကိုလည်းကောင်းရရှိခဲ့ကြပြီး နှစ်သိမ့်ဆုရရှိကြသူများအား ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။