November 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံတက္ကသိုလ်များမှ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၂၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များမှ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

Naypyitaw State Academy တွင် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၂၃
Naypyitaw State Academy တွင် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ သွားလာရေး အဆင်ပြေစေရန် ကျောင်းဖယ်ရီကားများပြေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပသည်။

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၁၇
(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းရှိ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ရာ ကျောင်းသားကျောင်းသူများကို နိုင်ငံတော်က အားထားရသည့် အရည်အသွေးပြည့်ဝသော ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင်ပေး

နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၁၆
တက္ကသိုလ်ကျောင်းအပ်လက်ခံမှုများကို ယခင်က နိုဝင်ဘာ ၁၈ ရက်နောက်ဆုံးထားအပ်နှံရန် သတ်မှတ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေသည့် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေးအတွက် နိုဝင်ဘာလကုန်အထိ စနေ၊ တနင်္ဂနွေရက်များအပါအဝင် ကျောင်းအပ် လက်ခံဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ နိုဝင်ဘာလ နောက်ပိုင်းတွင် ကျောင်းအပ်လက်ခံမည် မဟုတ်ပါကြောင်း ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေး ဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၁၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရန် အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် သင်ကြား၊ စီမံကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၁၅
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၊ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၁၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံသည်။

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၁၀
(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ကျင်းပရေးဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အမျိုးသား အောင်ပွဲနေ့အခမ်းအနားကို ဆောင်ပုဒ်၊ ဦးတည်ချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဗဟိုကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသူများမှ ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

Pages