October 2022

လာမည့်ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ်၏ နောက်ဆုံးအတန်းဖြစ်သော Grade-12 ကို ဖွင့်လှစ်သင်ကြားတော့မည်

နေပြည်တော် ၂၀၂၂ အောက်တိုဘာ ၂၆

လာမည့်ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ်၏ နောက်ဆုံးအတန်းဖြစ်သော Grade-12 ကို ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်၍ စာသင်ခန်းလိုအပ်ချက်နှင့် အခြားလိုအပ်ချက်များကို တွက်ချက်၍ စာရင်းပြုစု တင်ပြပေးကြရမည်ဖြစ်ပါကြောင်း၊ ခရိုင် ၅၀ တွင် စက်မှု-စိုက်ပျိုး-မွေးမြူရေး အထက်တန်းကျောင်း ၅၀ ကို ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ထိုကျောင်းများတွင် KG+12 ပညာရေးစနစ်ကို သင်ကြားမည်ဖြစ်သော်လည်း  Grade-9  အောင်မြင်ပြီးသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုစသည်ဖြင့် မိမိတို့ ဝါသနာပါရာကို အထူးပြုတက်ရောက် သင်ကြားနိုင်မည်ဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အခြေခံပညာ ဆရာဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၉၉) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ၂၀၂၂ အောက်တိုဘာ ၂၅
ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်မည့် အခြေခံပညာ ဆရာဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၉၉)၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာ သိင်္ဃခန်းမ၌ ကျင်းပသည်။

ကျောင်းသားကျောင်းသူများကို စည်းကမ်းကောင်းမွန်ပြီး အချင်းချင်းလေးစား တန်ဖိုးထားသည့် အလေ့အကျင့်ကောင်းများ လေ့ကျင့်ပျိုးထောင်ပေးရမည်

နေပြည်တော် ၂၀၂၂ အောက်တိုဘာ ၂၅
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ယနေ့ နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံသည်။

တက္ကသိုလ် ဒုတိယနှစ်နှင့်အထက် သင်တန်းများအားလုံး နိုဝင်ဘာ ၁၀ ရက်တွင် ဖွင့်လှစ်မည်

နေပြည်တော် ၂၀၂၂ အောက်တိုဘာ ၂၅
တက္ကသိုလ် ဒုတိယနှစ်နှင့်အထက် သင်တန်းများအားလုံး နိုဝင်ဘာ ၁၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ရာ အောက်တိုဘာ ၂၇ ရက်မှစ၍ စနေ၊ တနင်္ဂနွေအပါအဝင် နိုဝင်ဘာ ၁၈ ရက်အထိ ကျောင်းအပ်လက်ခံကြရမည်ဖြစ်ပါကြောင်း၊ ပထမနှစ်သင်တန်းကို နိုဝင်ဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်တွင် တက္ကသိုလ်နှစ်ဝက်စာမေးပွဲများ ကျင်းပမည်ဖြစ်၍ စာသင်ချိန်အပြည့် သင်ကြားပေးသွားကြရမည်ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများအနေဖြင့် သင်ကြားရေးကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ထားကြစေလိုပါကြောင်း၊ ဘာသာရပ်အလိုက် အတန်းခွဲဝေရာတွင် ခွဲခြားမှု၊ ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

ကျောင်းသားကျောင်းသူများကို စည်းကမ်းရှိသော၊ ယဉ်ကျေးလိမ္မာသော ၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ရှိသော ပညာတတ်များဖြစ်အောင်မွေးထုတ်ပေး

နေပြည်တော် ၂၀၂၂ အောက်တိုဘာ ၂၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် လှည်းကူးမြို့နယ်ပညာရေးမှူးရုံး၌ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး၊ လှည်းကူးမြို့နယ်ပညာရေးမှူးနှင့် လှည်းကူးမြို့နယ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။

ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြစေလို

နေပြည်တော် ၂၀၂၂ အောက်တိုဘာ ၁၆
မြို့နယ်ပညာရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

(၁၂) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေး၊ (၆) ကြိမ်မြောက် အာဆီယံ အပေါင်း ၃ ပညာရေးဝန်ကြီးများအစည်းအဝေးနှင့် (၆) ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၀၂၂ အောက်တိုဘာ ၁၅
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေဦးဆောင်သော မြန်မာပညာရေးကိုယ်စားလှယ်အဖွဲ့ သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် အောက်တိုဘာလ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သော (၁၂) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး (12th ASEAN Education Ministers Meeting – 12th ASED) နှင့်ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၆) ကြိမ်မြောက် အာဆီယံအပေါင်း ၃ ပညာရေးဝန်ကြီးများအစည်းအဝေး (6th ASEAN Plus Three Education Ministers Meeting – 6th APT EMM)၊ (၆) ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး (6th East Asia Education Ministers Meeting – 6th EAS EMM)များကို တက်ရောက်ခဲ့သည်။

စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၀၂၂ အောက်တိုဘာ ၁၂
ယနေ့ဆွေးနွေးပွဲသည် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပါသော ပုဂ္ဂိုလ်များ၏ ဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ မြို့နယ်ပညာရေးမှူးများ၏ စီမံခန့်ခွဲမှုအရည်အသွေးပေါ် မူတည်၍ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ မြို့နယ်ပညာရေးမှူးသည် ပညာရေးရည်မှန်းချက်များ အောင်မြင်ပေါက်မြောက်အောင် အကောင်အထည်ဖော်ရာတွင် အခရာဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားသည်။

KG+12 သင်ရိုးညွှန်းတမ်းနှင့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး

နေပြည်တော် အောက်တိုဘာ ၆
KG+12 သင်ရိုးညွှန်းတမ်းနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော် ၂၀၂၂ အောက်တိုဘာ ၅
၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဦးစွာ နေပြည်တော် အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမများက “မြတ်ဆရာ” သီချင်းဖြင့် ဖျော်ဖြေကြသည်။