September 2022

လာမည့် ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်းအထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်မည်

နေပြည်တော် ၂၀၂၂ စက်တင်ဘာ ၂၀

လာမည့် ပညာသင်နှစ်မှစတင်၍ ခရိုင် ၅၀ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်းအထက်တန်းကျောင်းများ တွဲဖက်၍ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ဆရာဆရာမများအဖြစ် ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း ၂၃၄၁ ဦးကို ရွေးချယ်ခန့်အပ်

နေပြည်တော် ၂၀၂၂ စက်တင်ဘာ ၁၉

ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများအဖြစ် ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်တွင် ၁၄၇၉ ဦး၊ စက်တင်ဘာလ ၁၅ ရက်တွင် ၈၆၂ ဦးဖြင့် စုစုပေါင်း ၂၃၄၁ ဦးကို ရွေးချယ်ခန့်အပ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာညွန့်ဖေက ပြောကြားသည်။

ကျောင်းအဆောက်အအုံနှင့် သင်ထောက်ကူများ အရှည်တည်တံ့ရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန် မှာကြား

နေပြည်တော် ၂၀၂၂ စက်တင်ဘာ ၁၅
စာသင်ကျောင်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးထားသည့် အဆောက်အအုံ၊ သင်ထောက်ကူများ အရှည်တည်တံ့ရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်မှာကြားခဲ့ပြီး လိုအပ်ချက်များရှိပါက အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ပညာရေးကို ဆုံးခန်းတိုင်အောင် အေးချမ်းစွာ သင်ယူနိုင်ရန် ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများ၊ ဝေးလံခက်ခဲသည့် ဒေသများမှ ကလေးများ၊ မသန်စွမ်းကလေးများအတွက် ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးလျက်ရှိ

နေပြည်တော် ၂၀၂၂ စက်တင်ဘာ ၁၃
ကလေးအလုပ်သမားခိုင်းစေမှုများ ပပျောက်သွားစေရန်နှင့် လျော့နည်းသွားရန် အခွင့်အလမ်းကောင်းများ ဖန်တီးဖော်ဆောင် ပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ဆိုသည်။

နိုင်ငံသားတိုင်း စာတတ်မြောက်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မည်

နေပြည်တော် ၂၀၂၂ စက်တင်ဘာ ၈
ကျောင်းပြင်ပရောက် ကလေးသူငယ်များ များပြားနေခြင်း၊ စာမတတ်သူဦးရေ များပြားနေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ကို တွေ့ရကြောင်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့ကြသည့် မြန်မာနိုင်ငံတက္ကသိုလ်အားကစားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၂ စက်တင်ဘာ ၈

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့ကြသည့် မြန်မာနိုင်ငံတက္ကသိုလ်အားကစားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။