May 2022

အရည်အသွေးပြည့်ဝသော လူတော်လူကောင်း ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်

နေပြည်တော် ၂၀၂၂ မေ ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည် နယ် လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ရှမ်းပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမြင့်လွင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ကလောမြို့နယ် ဟဲဟိုး အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ ကလောမြို့နယ် အောင်ပန်းမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ပြင်ဆင် ထိန်းသိမ်း ဆောင်ရွက်ထားမှု အခြေအနေ၊ တည်ဆောက်ပြီးစီးသည့် ကျောင်းဆောင်၊ ခန်းမဆောင် အခြေအနေ၊ ကျောင်းတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေး ကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၂ မေ ၂၈
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။

တောင်ကြီးတက္ကသိုလ်နှင့် တောင်ကြီးပညာရေးဒီဂရီကောလိပ်၌ တက္ကသိုလ်ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှု ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၂ မေ ၂၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မြင့်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်သို့ ရောက်ရှိပြီး စာသင်ဆောင်များ၊ လက်တွေ့ခန်းများ၊ တက္ကသိုလ်အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး တက္ကသိုလ်အတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၂ မေ ၂၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

အဝေးသင်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ တက်ကြွစွာ ပညာသင်ယူလျက်ရှိ

နေပြည်တော် ၂၀၂၂ မေ ၂၃
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ အဝေးသင်တက္ကသိုလ် သင်တန်းများ ဖွင့်လှစ်ထားရှိသည့် တက္ကသိုလ် (၄၁)ကျောင်းတွင် အဝေးသင် အနီးကပ်သင်တန်းများအဖြစ် ဒုတိယအသုတ် စတုတ္ထနှစ်အဝေးသင် ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ဥပဒေပညာ၊ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒနှင့် ပဉ္စမနှစ်ဥပဒေပညာသင်တန်းများကို မေ ၁၉ရက်မှ ၂၈ရက်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၂ မေ ၁၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်း၊ မြို့မဈေးအနီး၌ ကျင်းပသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ် ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုကို စာသင်ကျောင်းများမှ စတင်ပျိုးထောင်ရမည်

နေပြည်တော် ၂၀၂၂ မေ ၁၇
အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၂)နှင့် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၃) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံရာတွင် မည်သည့် ငွေကြေးမျှ မကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးမည်

နေပြည်တော် ၂၀၂၂ မေ ၁၆
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာနရှိ တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆရာ ဆရာမများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးရေးအတွက် သင်ကြားသင်ယူမှု ပညာရေး လုပ်ငန်းများကို ကြိုးစားဆောင်ရွက်

ကျောက်ဖြူ ၂၀၂၂ မေ ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာညွန့်ဖေ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိကြပြီး စာသင်ဆောင်၊ အိပ်ဆောင်၊ ကျောင်းမြေနေရာနှင့် ဆက်လက်တိုးချဲ့ ဆောက်လုပ်နိုင်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးသည်။

ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များနှင့်ပညာရေးဒီဂရီကောလိပ်များကို ပုံမှန်ပညာသင်နှစ်အတိုင်း ဖွင့်လှစ်မည်

နေပြည်တော် ၂၀၂၂ မေ ၁၀
ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၊ ပညာရေးဒီဂရီ ကောလိပ်များကို မေလ ၁၂ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ (စနေ၊ တနင်္ဂနွေမပါ) စာသင်ရက်ပေါင်း ၈၀ ဖြင့် ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

Pages