ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကချင်ပြည်နယ် မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ် ဆရာဆရာမများနှင့်တွေ့ဆုံ၊ အခြေခံပညာကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး
နေပြည်တော် ၂၀၂၂ ဧပြီ ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ကချင် ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ကချင်ပြည်နယ် ပညာရေးမှူးဦးကြည်စိန်တို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိကာ ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ပြင်ဆင်ထားမှုနှင့် ကျောင်းဆောင်အဆောက်အအုံများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။