October 2021

တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်များနှင့်ကျောင်းများတွင် အသစ်ခန့်အပ်မည့် ဆရာ ဆရာမများအား အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းများဖွင့်လှစ်ရေးနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်ရေးအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၉

          ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးတွင် အသစ် ခန့်အပ်မည့် နည်းပြ၊ သရုပ်ပြအသစ်များအား အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်ရေး အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များတက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်‌ဖေ နေပြည်တော်ရှိ အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်းများအား လှည့်လည်ကြည့်ရှု

နေပြည်တော် ၂၀၂၁ အောက်တိုဘာ ၂၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အခြေခံပညာ အထက်တန်းကျောင်းများကို လှည့်လည်ကြည့်ရှုသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်‌ဖေ နေပြည်တော်ရှိ မြို့နယ်များ၌ အသက်၁၂နှစ်နှင့်အထက် အ‌ခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေမှုများ ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၁ အောက်တိုဘာ ၁၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဗျူဟာ ဓမ္မဗိမာန်တော်ကြီး၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးကြသည်။

ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေး အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၁ အောက်တိုဘာ ၁၄
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အဖွင့်အမှာစကားပြောကြားသည်။

ဆရာအတတ်ပညာဦးစီးဌာန

ရည်ရွယ်ချက်

ဒေသတွင်းလိုအပ်လျက်ရှိသော အခြေခံပညာကျောင်းများ၏ သင်ကြားရေး ဝန်ထမ်း၊ ဆရာ၊ ဆရာမ များ ဖြည့်ဆည်းခန့်ထားပေးနိုင်ရန်နှင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရန် ဖြစ်ပါသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်‌ဖေ နေပြည်တော်ရှိ အသက်၁၂နှစ်နှင့်အထက် အ‌ခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၁ အောက်တိုဘာ ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူ များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများကို သွားရောက် ကြည့်ရှုအားပေးကြသည်။

အမျိုးသားပညာရေးဥပဒေ

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ မြန်မာသက္ကရာဇ် (၁၃၇၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက်) တွင် ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

 

၅ ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံများမှ ပညာရေးဝန်ကြီးများအစည်းအဝေးနှင့် ၅ ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၁ အောက်တိုဘာ ၁
၅ ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံများမှ ပညာရေးဝန်ကြီးများ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ယနေ့ နံနက် ၉:၃၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။