April 2021

အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့(ရေးဖြေ) သင်တန်းများနှင့်ပါရဂူဘွဲ့ကြိုသင်တန်းများ ပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၀၂၁ ဧပြီ ၂၅

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့(ရေးဖြေ) သင်တန်းများနှင့် ပါရဂူဘွဲ့ကြိုသင်တန်းများကို COVID-19 ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရန်ကုန်တိုင်းဒေသကြီးရှိ အဆင့်မြင့်ပညာ၊ အခြေခံပညာ၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရန်ကုန် ၂၀၂၁ ဧပြီ ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အဆင့်မြင့်ပညာ၊ အခြေခံပညာ၊ နည်းပညာနှင့်သက်မွေးပညာကဏ္ဍမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိမိတို့ကျင်လည်ရာ ပတ်ဝန်းကျင်ကို ကျော်လွန်ထိုးဖောက် ကြည့်မြင်နိုင်စွမ်းရှိသည့် ကျောင်းသား/ကျောင်းသူများဖြစ်အောင် သင်ကြားပေးရန် အရေးကြီး

နေပြည်တော် ၂၀၂၁ ဧပြီ ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ၊ ညွှန်ကြား‌ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်းနှင့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ်Grade-7၊ အခြေခံပညာအထက်တန်းအဆင့်သင်ရိုးသစ် Grade_10 မြို့နယ်အဆင့် မွမ်းမံသင်တန်းများသို့ သွားရောက်၍ လှည့်လည်ကြည့်ရှု အားပေးသည်။