January 2021

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် National ICT Awards 2019 (Educational Project & Skills Competition)ဆုရ ပရောဂျက်များ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၂၀ ဇန်နဝါရီ ၁၈
ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် National ICT Awards 2019 (Educational Project & Skills Competition) ဆုရပရောဂျက်များ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပညာရေးစီမံခန့်ခွဲမှု (Certificate in Educational Management – CEM, Batch -2) အွန်လိုင်းသင်တန်းဖွင့်ပွဲ တက်ရောက်

နေပြည်တော် ၂၀၂၀ ဇန်နဝါရီ ၁၈
ရန်ကုန်ပညာရေးတက္ကသိုလ်မှ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည့် ပညာရေး စီမံခန့်ခွဲမှု (Certificate in Educational Management - CEM, Batch-2) အွန်လိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီအဖွဲ့၊ ပါမောက္ခချုပ်များကော်မတီတို့မှဆရာ/ ဆရာမကြီးများ၊ ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်(၁၆)ကျောင်းမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၀ ဇန်နဝါရီ ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အဖွဲ့၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီအဖွဲ့နှင့် ပါမောက္ခချုပ်များကော်မတီတို့မှ ဆရာကြီး ဆရာမကြီးများ၊ ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်(၁၆)ကျောင်းမှပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပညာရေးစီမံခန့်ခွဲမှု (Certificate in Educational Management (CEM)) (Batch 1) သင်တန်းတွင် သင်တန်းပို့ချ

နေပြည်တော် ၂၀၂၁ ဇန်နဝါရီ ၁၆

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည့် ပညာရေး စီမံခန့်ခွဲမှု (Certificate in Educational Management (CEM)) (Batch 1) သင်တန်းတွင် သင်တန်းသား၊သင်တန်းသူများအား “Achievements and Challenges of the Ministry of Education” ခေါင်းစဉ်ဖြင့် သင်တန်းပို့ချသည်။

Pages