January 2021

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဘူမိဗေဒနှင့် သဘာဝဘေးအန္တရာယ် လျော့ချရေးဆိုင်ရာသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

နေပြည်တော် ၂၀၂၁ ဇန်နဝါရီ ၂၅

မြိတ်တက္ကသိုလ်ဘူမိဗေဒဌာနမှ ဦးဆောင်ကျင်းပသည့် ဘူမိဗေဒနှင့်သဘာဝဘေးအန္တရာယ် လျော့ချ ရေးဆိုင်ရာသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉း၃၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လယ်ဝေးမြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ်များနှင့်တွေ့ဆုံပွဲ

နေပြည်တော် ၂၀၂၁ ဇန်နဝါရီ ၂၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ်များတွေ့ဆုံပွဲကို ယနေ့ နံနက် ၉း၃၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပသည်။

ပညာရေးဝန်ကြီးဌာန ရုံးစာရေးနည်းအွန်လိုင်းသင်တန်း အမှတ်စဉ်(၆) ဖွင့်လှစ်

နေပြည်တော် ၂၀၂၁ ဇန်နဝါရီ ၂၀

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဉီးစီးဌာနက ဖွင့်လှစ်သော ရုံးစာရေးနည်း သင်တန်းအမှတ်စဉ်(၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ရှဖိဖ် ဆလာ အယ်လ်ဒင် အဲလစ်သီ သည် နေပြည်တော်ရှိ၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) သို့ လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော် ၂၀၂၁ ဇန်နဝါရီ ၁၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ရှဖိဖ် ဆလာ အယ်လ်ဒင် အဲလစ်သီ သည် နေပြည်တော်ရှိ၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) သို့ လာရောက်ဂါရဝပြုတွေ့ဆုံပါသည်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း(ရန်ကုန်) ကိုယ်ပိုင်ကျောင်း တည်ထောင်အုပ်ချုပ်သူများ ကျောင်းစီမံအုပ်ချုပ်မှု စွမ်းရည်မြှင့် တင်ရေး အွန်လိုင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၁ ဇန်နဝါရီ ၁၉

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(ရန်ကုန်)မှ ကိုယ်ပိုင်ကျောင်းတည်ထောင်အုပ်ချုပ်သူများအတွက် ကျောင်းစီမံအုပ်ချုပ်မှု စွမ်းရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

Pages