November 2020

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်အထိမ်းအမှတ် နိုင်ငံတကာသုတေသနညီလာခံတွင် ပြည်ထောင်စုဝန်ကြီး အဖွင့်အမှာစကားပြောကြား

နေပြည်တော် ၂၀၂၀ နိုဝင်ဘာ ၂၇
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အခမ်းအနား အထိမ်းအမှတ်အဖြစ် Virtual စနစ်ဖြင့် ကျင်းပလျက်ရှိသော နိုင်ငံတကာသုတေသန ညီလာခံကို Transformation Processes in Myanmar V ခေါင်းစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်နှင့် ဂျာမဏီနိုင်ငံ၊ ကိုလုံးတက္ကသိုလ်တို့ ပူးပေါင်း၍ ၂၇-၁၁-၂၀၂၀ နေ့ မှ ၂၈-၁၁-၂၀၁၀ နေ့အထိ ကျင်းပလျက်ရှိသည်။

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၀ နိုဝင်ဘာ ၂၆
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၆-၁၁-၂၀၂၀ ရက်နေ့တွင် ကျင်းပသည်။

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား Virtual Event ဖြင့်အောင်မြင်စွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၀၂၀ နိုဝင်ဘာ ၂၃
ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့် သဘင်အခမ်းအနား Virtual Event ဖြင့် အောင်မြင်စွာကျင်းပနိုင်‌ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြား ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး (၁၁) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ဆွေးနွေး

နေပြည်တော် ၂၀၂၀ နိုဝင်ဘာ ၂၀
ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ဖိလစ်ပိုင်နိုင်ငံကအွန်လိုင်းမှ တာဝန်ယူကျင်းပသည့် (၁၁) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေး (11th ASEAN Education Ministers Meeting) သို့ တက်ရောက်ခဲ့ပါသည်။

Pages