October 2020

သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာမူဝါဒ (မူကြမ်း) အပြီးသတ် အကြံဉာဏ် ရယူဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၀၂၀ အောက်တိုဘာ ၂၇

သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒ (မူကြမ်း) အပြီးသတ် အကြံဉာဏ်ရယူခြင်း အစည်းအဝေးပွဲကို ယနေ့ နေ့လယ် ၂ နာရီတွင် Video Conferencing ဖြင့် ကျင်းပသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီသို့ အလှူငွေပေးအပ်

နေပြည်တော် ၂၀၂၀ အောက်တိုဘာ ၂၆
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီသို့ ပညာရေးဝန်ကြီးဌာနက အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ် (၄)တွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms Riikka Laatu နှင့်ဆွေးနွေး

နေပြည်တော် ၂၀၂၀ အောက်တိုဘာ ၂၆

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms Riikka Laatuနှင့် လက်ရှိဖင်လန်-မြန်မာ ပညာရေးပူးပေါင်းဆောင်ရွက်မှုများနှင့် ကိုဗစ်အလွန်တွင် ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများကို Virtual စနစ်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။

၂၀၂၀ ပြည့်နှစ် ယူနက်စကို ကမ္ဘာ့ပညာရေးအစည်းအဝေး တက်ရောက်ဆွေးနွေး

နေပြည်တော် ၂၀၂၀ အောက်တိုဘာ ၂၃
၂၀၂၀ ပြည့်နှစ် ယူနက်စကို ကမ္ဘာ့ပညာရေးအစည်းအဝေးကို အောက်တိုဘာ ၂၂ ရက်နေ့ တွင် Zoom Webinar စနစ်ဖြင့်ကျင်းပရာ ရှေးဦးစွာ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms Audrey Azoulay ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Mr António Guterres ၊ နော်ဝေနိုင်ငံဝန်ကြီးချုပ် H.E. Ms Erna Solberg ၊ ဂါနာနိုင်ငံ သမ္မတ H.E. Mr Nana Akufo-Addo ၊ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Ms Baroness Sugg တို့က အဖွင့်မိန့်ခွန်းများ ပြောကြားကြပြီး ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပညာရေး အစည်းအဝေးကြေညာစာတမ်းကို ရှင်းလင်းဆွေးနွေးကာ ဆရာများအသင်းအဖွဲ့၏ သဝဏ်လွှာကို ဖတ်ကြားသည်။

မြန်မာနိုင်ငံပိုင် အနိမ့်ပျံ အသေးစားဂြိုဟ်တု MMSATS-1 အား တည်ဆောက်ပြီးစီး၍ ဂျပန်အာကာသအေဂျင်စီ (Japan Aerospace Exploration Agency – JAXA) သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၀ အောက်တိုဘာ ၂၁

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ် (Hokkaido University) နှင့် တိုဟိုကိုတက္ကသိုလ် (Tohoko University) တို့မှ တည်ဆောက်ပြီးစီးခဲ့သည့် မြန်မာနိုင်ငံပိုင် အနိမ့်ပျံ အသေးစားဂြိုဟ်တု MMSATS-1 (မြန်မာအမည် “လောကနတ်-၁”) ဂြိုဟ်တု ကို အောင်မြင်စွာတည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် အာကာသအတွင်း လွှတ်တင်နိုင်ရန် ဟော့ကိုင်းဒိုးတက္ကသိုလ်မှ ဂျပန်အာကာသအေဂျင်စီသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁း၃၀ နာရီ၊ ဂျပန်စံတော်ချိန် ညနေ ၄ နာရီတွင် ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး Online မှ တက်ရောက်အမှာစကားပြောကြားသည်။

၂၀၂၁ ခုနှစ်၊ (၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်ဆွေးနွေး ကျင်းပ

နေပြည်တော် ၂၀၂၀ အောက်တိုဘာ ၂၀

၂၀၂၁ ခုနှစ်၊ (၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်ဆွေးနွေး ကျင်းပသည်။

Pages