June 2020

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နှင့် Zoom Meeting အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၀ ဇွန် ၁၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နှင့် Zoom Meeting အစည်းအဝေးကျင်းပသည်။

ဥရောပသမဂ္ဂသံအမတ်ကြီးနှင့် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၀ ဇွန် ၁၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသော ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. Kristian Schmidt ဦးဆောင်သောအဖွဲ့နှင့် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး သို့ Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများစစ်ဆေးနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၀ ဇွန် ၁၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် ပါမောက္ခချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနက် ၉း၃၀ နာရီတွင် မန္တလေးတက္ကသိုလ်သို့ ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများ၏ အဖြေလွှာများ စစ်ဆေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ(၁)နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကျင်းပ

နေပြည်တော် ၂၀၂၀ ဇွန် ၁၂

ပြည်သူ့အတွက် စတုတ္ထ(၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာနနှင့် နေပြည်တော်ကောင်စီတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဩစတေးလျအဆင့်မြင့်ပညာရေးမှ သင်တန်းများကို အွန်လိုင်းမှ အခမဲ့လေ့လာနိုင်

ဩစတေးလျအဆင့်မြင့်ပညာရေးမှ သင်တန်းများကို အွန်လိုင်းမှ အခမဲ့လေ့လာနိုင်သည့် အခွင့်အလမ်းကို မြှင့်တင်ရန်အတွက် ဩစတြေးလျကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကော်မရှင် (Austrade)က "Study with Australia " ကမ်ပိန်းအား ဆောင်ရွက်ထားပါသည်။ စီးပွားရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ STEM ပညာရေး၊ ကျန်းမာရေး စသည့် ပညာရပ်ဆိုင်ရာ သင်တန်းများအား ဩစတြေးလျ တက္ကသိုလ်များက အွန်လိုင်းမှ အခမဲ့ သင်ကြားပို့ချပေးမည့် အစီအစဉ် ဖြစ်ပြီး ၃၀-၆-၂၀၂၀ ရက်နေ့ နောက်ဆုံးထား စာရင်းသွင်းခြင်းဖြင့် သက်ဆိုင်ရာ တက္ကသိုလ်များက ပေးအပ်သည့် Ditigal Certificate အား အခမဲ့ ရရှိမည် ဖြစ်ပါသည်။ အသေးစိတ်အား အောက်ပါ Link များတွင် လေ့လာနိုင်ပါသည်။

Pages