June 2020

ပြည်ထောင်စုဝန်ကြီး ကမ္ဘာ့ဘဏ်၊ ဩစတြေလျနှင့် ပညာရေးဝန်ကြီးများ၏ ကိုဗစ်-၁၉ တုန့်ပြန်မှုဆိုင်ရာ မူဝါဒဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး

နေပြည်တော် ၂၀၂၀ ဇွန် ၁၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၇ နာရီခွဲ တွင် YouTube မှ တိုက်ရိုက်ထုတ်လွှင့်သော ကမ္ဘာ့ဘဏ်နှင့် ဩစတြေးလျအစိုးရ နိုင်ငံခြားရေး နှင့်စီးပွားရေးရာဌာန (DFAT) တို့ ပူးပေါင်းကျင်းပသည့် ကမ္ဘာ့ဘဏ်၏ The COVID-19 Pandemic: Shocks to Education and Policy Responses အစီရင်ခံစာ စာအုပ်ထုတ်ဝေ ခြင်းနှင့် အွန်လိုင်း Panel Discussion သို့ တက်ရောက်ဆွေးနွေးသည်။

Pages