June 2020

လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေး တိုးမြှင့်ရေးစီမံကိန်း (STEM) လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၀၂၀ ဇွန် ၁၇

မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအရည်အသွေးတိုးမြှင့်ရေးစီမံကိန်း (STEM) လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁နာရီတွင် video conferencing ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဖင်လန်နိုင်ငံဆိုင်ရာသံအမတ်ကြီး H.E. Ms Ritta Laatu ၊ သြစတြေးလျသံရုံးအကြံပေးပုဂ္ဂိုလ် Mr Tim Vistarini, မြန်မာနိုင်ငံဆိုင်ရာယူနစ်စကိုရုံးတာဝန်ခံ Ms Min Jeong Kim, DFID ပညာရေးပညာရှင် ဒေါက်တာခိုင်ဖြူထွဋ်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲဖြတ်ရေးကော်မတီ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့မှ တာဝန်ရှိ သူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

Pages