June 2020

360ed Universe Learning Platform မိတ်ဆက်ပွဲနှင့် M Pride Company မှ အခြေခံပညာသင်ရိုးသစ် Grade-2 နှင့် Grade-3 အင်္ဂလိပ်စာဘာသာရပ် အခမဲ့သင်ထောက်ကူ Application များ လှူဒါန်းမှုအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၀ ဇွန် ၁၉

ပညာရေးဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့်တီထွင်ရေးဆွဲထားသော 360ed Universe Learning Platform မိတ်ဆက်ပွဲနှင့် M Pride Company မှ အခြေခံပညာသင်ရိုးသစ် Grade-2 နှင့် Grade-3 အင်္ဂလိပ်စာဘာသာရပ် အခမဲ့သင်ထောက်ကူ Application များ လှူဒါန်းမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဆီမီယို အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ၏ မူဝါဒရေးရာ e-Forum သို့ တက်ရောက်ဆွေးနွေး

နေပြည်တော် ၂၀၂၀ ဇွန် ၁၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၉ နာရီတွင် ဆီမီယို အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ၏ မူဝါဒရေးရာ e-Forum သို့ တက်ရောက် ဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲသို့ ဆီမီယိုအဖွဲ့ဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆီမီယို မိတ်ဖက်အဖွဲ့ ဝင်နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် အဆင့်မြင့်ပညာရေးအရာရှိကြီးများ တက်ရောက်ကြပြီး ဆီမီယို Secretariat မှ ညွှန်ကြားရေးမှူး Dr. Ethel Agnes Pascua-Valenzuela က အဖွင့်အမှာစကား ပြောကြားသည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှု ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၀ ဇွန် ၁၈
"ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှုကော်မတီ အစည်းအဝေး" ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တို့ တက်ရောက်ခဲ့သည်။

Pages