June 2020

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသနညီလာခံ (၂၀၂၀) သုတေသနစကားဝိုင်း၊ ဆုချီးမြှင့်ပွဲနှင့် ညီလာခံပိတ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၂၀၂၀ ဇွန် ၂၈
ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသနညီလာခံ (၂၀၂၀) သုတေသန စကားဝိုင်း၊ ဆုချီးမြှင့်ပွဲနှင့် ညီလာခံပိတ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များ ကော်မတီရုံးခန်း၌ Online Programme သုတေသန စကားဝိုင်းဖြင့် စတင်ကျင်းပသည်။

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၀၂၀ ဇွန် ၂၇
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတက္ကသိုလ်များသုတေသနညီလာခံ (၂၀၂၀) အခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၂၀ ဇွန် ၂၅

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတက္ကသိုလ်များသုတေသနညီလာခံ (၂၀၂၀) အခမ်းအနား ကို ယနေ့နံနက်(၉)နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

သင်ရိုးညွှန်းတမ်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀) ကျင်းပ

နေပြည်တော် ၂၀၂၀ ဇွန် ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် သင်ရိုးညွှန်း တမ်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၀)ကို ယနေ့မွန်းလွဲ (၂:၀၀)နာရီတွင် နေပြည်တော် ရုံးအမှတ်(၁၃)ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အခြေခံပညာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၇/၂၀၂၀) ကျင်းပ

နေပြည်တော် ၂၀၂၀ ဇွန် ၂၁

ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အခြေခံပညာလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၀) ကို ယနေ့မွန်းလွဲ (၁းဝဝ)နာရီတွင် နေပြည်တော် ရုံးအမှတ်(၁၃)ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။ ညှိနှိုင်း ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး၊ပြည်နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ Video Conferencing ဖြင့် ချိတ်ဆက်ညှိနှိုင်းဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီး အဆင့်မြင့်ပညာဦးစီးဌာနရှိ တာဝန်ခံပါမောက္ခချုပ်များနှင့် တွေ့ဆုံမှာကြား

နေပြည်တော် ၂၀၂၀ ဇွန် ၂၀
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း တို့မှ အဆင့်မြင့်ပညာ ဦးစီးဌာနရှိ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်(ပြည်) တို့မှတာဝန်ခံပါမောက္ခချုပ် (၁၁) ဦးအား တွေ့ဆုံ၍ သင်ကြားသင်ယူရေး၊ အသုံးချသုတေသန၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ် များအား နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဘဏ္ဍာရေး စည်းမျည်း စည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုအပ်သည် များကို လမ်းညွှန်မှာကြားပါသည်။

Pages