April 2020

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပညာရေးဝန်ကြီးဌာန (၁၄) ကြိမ်မြောက် ပညာရေးနှင့်နည်းပညာ၊ သက်မွေးပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(ETVSCG) အွန်လိုင်းအစည်းအဝေး တက်ရောက်ဆွေးနွေး

နေပြည်တော် ၂၀၂၀ ဧပြီ ၂၉
ပညာရေးဝန်ကြီးဌာန (၁၄) ကြိမ်မြောက် ပညာရေးနှင့် နည်းပညာ၊ သက်မွေးပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Education & TVET Sector Coordination Group - ETVSCG) အွန်လိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက်ပညာရေးဝန်ကြီးဌာနမှ အထောက်အကူပြု စက်ပစ္စည်းများ လှူဒါန်း

နေပြည်တော် ၂၀၂၀ ဧပြီ ၂၇

ပညာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အတွက် အထောက်အကူပြု စက်ပစ္စည်းများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ လာရောက်လှူဒါန်းရာ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး လက်ခံ ရယူသည်။

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ဦးစီး၍ ပညာရေးကောလိပ် သင်ရိုးညွှန်းတမ်းသစ်အကောင်အထည်ဖော်မှုများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ၂၀၂၀ ဧပြီ ၇
ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ပညာရေးပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုများ နှောင့်နှေးကြန့်ကြာမှု မရှိစေရန်နှင့် လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အဆင့်မြင့်ပညာဦးစီးဌာန ဆရာအတတ်မှ ဦးစီး၍ ယူနက်စကို STEM အဖွဲ့နှင့် ပူးပေါင်းကာ အင်တာနက်ကွန်ယက်အသုံးပြု ဗီဒီယိုအစည်းအဝေးများဖြင့် ညှိနှိုင်းစည်းဝေး ဆောင်ရွက်လျက်ရှိသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Video Conferencing ဖြင့် ပညာရေးလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

နေပြည်တော် ၂၀၂၀ ဧပြီ ၁

ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ နံနက် (၁၁)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ အင်တာနက်ကွန်ရက် အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်သော ပညာရေးဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။