March 2020

ပြည်ထောင်စုဝန်ကြီး ပညာရေးပြုပြင်ပြောင်းလဲမှုများအတွက် ဥရောပသမဂ္ဂ၏ အထောက်အပံ့ပေးရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်

နေပြည်တော်၊ ၂၀၂၀ မတ်လ ၂၃ ရက်

ပညာရေးပြုပြင်ပြောင်းလဲမှုများအတွက် ဥရောပသမဂ္ဂ၏ အထောက်အပံ့ပေးရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နေ့လယ်(၂)နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁) အစည်းအဝေး ခန်းမ၌ကျင်းပသည်။

JICA Myanmar ရုံးမှ Chief Representative ဖြစ်သူ Mr. Masayuki Karasawa နှင့်တွေ့ဆုံ

နေပြည်တော် ၂၀၂၀ မတ် ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် JICA Myanmar ရုံးမှ Chief Representative ဖြစ်သူ Mr.Masayuki Karasawa နှင့်အဖွဲ့အား ၂၀၂၀ ခုနှစ် မတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၀ မတ် ၁၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးသည့် သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် မတ်လ(၁၈)ရက် နံနက်ပိုင်းတွင် ပျော်ဘွယ်မြို့နယ် အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း(ပန်းစုံ) စာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ သတ္တမနေ့(ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်) ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။

Spain Ambassador အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၀၂၀ မတ် ၁၁
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် ၁၁-၃-၂၀၂၀ ရက်နေ့ နံနက် ၁၁ နာရီတွင် Spain Ambassador အဖွဲ့အား လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စု၀န်ကြီး ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်၀င်စာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆိုနေမှုလှည့်လည်ကြည့်ရှု

နေပြည်တော် ၂၀၂၀ မတ် ၁၁

ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်သက်ဆိုင်ရာတာ၀န်ရှိသူများ လိုက်ပါလျက် မတ်လ(၁၁)ရက် နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှိ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်၀င်စာမေးပွဲစာစစ်ဌာနသို့ ရောက်ရှိပြီး တက္ကသိုလ်၀င်စာမေးပွဲ (မြန်မာစာဘာသာ) ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုသည်။

အခြေခံပညာ အလယ်တန်း၊ အထက်တန်း သင်ရိုးညွှန်းတမ်းရေးဆွဲရေး အစည်းအဝေး ကျင်းပ

ရန်ကုန် ၂၀၂၀ မတ် ၅
အခြေခံပညာ အလယ်တန်း၊ အထက်တန်း သင်ရိုးညွှန်းတမ်းရေးဆွဲရေး အစည်းအဝေးကို ၅ ၊၃ ၊၂၀၂၀ ရက်နေ့ ညနေ ၄နာရီခွဲတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

UNICEF Headquarters, New York မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၀၂၀ မတ်လ ၄
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ၄-၃-၂၀၂၀ ရက်နေ့ နံနက် ၉ ၀၀ နာရီတွင် UNICEF Headquarters, New York မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံသည်။

တက္ကသိုလ်၊ ကောလိပ်များတွင် သက်ရွယ်ဆင့်တူကျန်းမာရေး ပညာပေးအစီအစဉ် စတင်ဆောင်ရွက်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန် ၂၀၂၀ မတ် ၂
တက္ကသိုလ်၊ ကောလိပ်များတွင် သက်ရွယ်ဆင့်တူ ကျန်းမာရေး ပညာပေးအစီအစဉ် စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။