July 2017

8th Model ASEM 2017 သို့ လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း

8th Model ASEM 2017 အခမ်းအနားသို့ လူငယ်များ(Youth Participants) တက်ရောက်နိုင်ရေးအတွက် လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း

၁။      မြန်မာနိုင်ငံ၊ နေပြည်တော်၌ (၁၅-၁၁-၂၀၁၇ မှ   ၂၀-၁၁-၂၀၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် 8th Model ASEM 2017 အတွက် လူငယ်များ (Youth Participants) ဖိတ်ကြားမည် ဖြစ်ပါသည်။

၂။      လူငယ်များ (Youth Participants)အဖြစ် လျှောက်ထားလိုသူများ သိရှိနိုင်ပါရန် အောက်ပါ အချက်အလက်များကို အသိပေး ကြေညာအပ်ပါသည် -

          (က)  Open call အတွက် နိုင်ငံတကာမှ လူငယ် (၁၅၀)ဦး ရွေးချယ်သွားမည် ဖြစ်ပါကြောင်း၊

ကျောင်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် လုပ်ငန်းများအတွက် စာမူများဖိတ်ခေါ်ခြင်း

     ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနသည် ပညာရေးလှုပ်ရှားမှုများ၊ ပညာရေး ပညာပေးဇာတ်လမ်းတိုများကို ပြည်သူလူထုမှ သိရှိနိုင်စေရန်အတွက် အခါအားလျော်စွာ ရိုက်ကူးလျက်ရှိပါသည်။ အဆိုပါ ပညာရေးအစီအစဉ်များရိုက်ကူးနိုင်ရန်အတွက် ကျောင်းများ၏ လအလိုက် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် လုပ်ငန်းများကို ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများက စာမူများရေးသား၍ အောက်ပါ လိပ်စာသို့ ပေးပို့နိုင်ပါသည်-

     ဦးကျော်ညွန့်

     လက်ထောက်ညွှန်ကြားရေးမှူး