၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည့် အစီအစဉ် ကြေညာခြင်း

  • ၂၀၁၇ ခုနှစ် မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို (၁၇-၆-၂၀၁၇) ရက်၊ စနေနေ့ နံနက် (၀၆:၀၀) နာရီအချိန်၌ ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။
  • အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည် ဖြစ်ပါသည်။
  • ထို့အပြင် အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် သင်္ကန်းကျွန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင်လည်း တိုင်းဒေသကြီး/ပြည်နယ်များ၏ အောင်စာရင်းများကို ကပ်ထားပေးမည် ဖြစ်ပါသည်။
  • ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website ဖြစ်သော www.myanmarexam.org တွင်လည်း အောင်စာရင်း ထုတ်ပြန်မည့် (၁၇-၆-၂၀၁၇) ရက်နေ့ နံနက် (၆) နာရီတွင် စတင်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည် ဖြစ်ပါသည်။