ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ရန်ကုန်တက္ကသိုလ် ရာပြည့်သိပ္ပံပွဲခင်း ၂၀၁၉ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရန်ကုန် ၂၀၁၉ ဒီဇင်ဘာ ၁၂
ကျောင်းသား၊ ကျောင်းသူများအတွက် သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်မှုနှင့် စတုတ္ထပညာခေတ်အတွက် လိုအပ်သော အရည်အသွေးများကို ပြုစုပျိုးထောင်ပေးရန်၊ သင်ကြားမှုအထောက်အကူပြု ပစ္စည်းများ၊ သုတေသန လုပ်ငန်းသုံးစက်ကိရိယာများနှင့် ပတ်သက်သော သိပ္ပံနည်းပညာများ ပြည်သူများအတွင်း အသိပညာပြန့်ပွားလာစေရန်၊ တက္ကသိုလ်များနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ၊ လူမှုစီးပွားရေးအဖွဲ့ အစည်းများအတွင်း သုတေသနနှင့် သင်ကြားသင်ယူမှုလုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ရန်ကုန်တက္ကသိုလ် ရာပြည့်သိပ္ပံပွဲခင်း-၂၀၁၉ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီတွင် ရန်ကုန်တက္ကသိုလ် အပန်းဖြေ ရိပ်သာခန်းမ၌ ကျင်းပသည်။